ပဲခူးမြို့အတွင်း လျှပ်စစ်ဓာတ်အားပေးစနစ်တည်ဆောက်ခဲ့ပြီး လုံလောက်သော လျှပ်စစ်ဓာတ်အား နှင့် ယုံကြည်စိတ်ချရသော လျှပ်စစ်စွမ်းအား ပေးစွမ်းနိုင်မှုကို တိုးတက်စေခြင်း
ပဲခူးမြို့၊ မြို့ရှောင်လမ်းအနီးတွင် တည်ဆောက်ပြီး အပြီးသတ်ခဲ့သော power substation project သည် ဒေသတွင်း လျှပ်စစ်ဓာတ်အားရရှိမှုကို အားကောင်းစေပါသည်။ 66/11 kV, 20 MVA substation စီမံကိန်းအဖြစ် ဆောင်ရွက်ပြီးခဲ့သောကြောင့် ဒေသအတွင်း နေထိုင်သူများအနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားများရနိုင်မည်ဖြစ်ပြီး လူနေမှု ဘဝကိုပါ များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အား တိကျစွာ ရရှိနိုင်ဖို့သည် နေ့စဉ်ဘဝ အဆင့်မြင့်မားရေးနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အရာတစ်ခုဖြစ်ပါသည်။ ဤစီမံကိန်းအပြီးသတ်ခြင်းနှင့် အတူ ပဲခူးမြို့သည် ပိုမိုခိုင်မာသော distribution network ရရှိလာပြီး အဆက်မပြတ် လျှပ်စစ်ရရှိနိုင်ရန်အထောက်အကူပြုသကဲ့သို့ မကြာခဏဖြစ်တတ်သော လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကိုလည်း လျှော့ချပေးမည်ဖြစ်သည်။
Project Timeline and Planning
Power substation Bago စီမံကိန်းသည် လုပ်ငန်းရက်ပေါင်း ၁၈၀ ရက်နှင့် စုစုပေါင်း အလုပ်နာရီ ၁,၄၄၀ ထဲတွင် အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့သည်။ ဆောက်လုပ်ရေးမစတင်မီ အင်ဂျင်နီယာများက အသေးစိတ် လုပ်ငန်းစဉ်များ စီစဉ် တိုင်ပင်ခြင်း၊ အချိန်ဇယားချထားခြင်း၊ အရည်အသွေးမြင့် စက်ပစ္စည်းများ စီမံတင်သွင်းခြင်းနဲ့ အလုပ်သမားအင်အား တိကျအောင် ချိန်ညှိခဲ့ခြင်းတို့ကြောင့် အချိန်မီ ထိရောက်စွာ အပြီးသတ်နိုင်ခဲ့သည်။
လိုအပ်သောပစ္စည်းအစုံများကို တာဝန်ယူသူများက စနစ်တကျ စီစဉ်ထားခဲ့နိုင်ခြင်းတို့ကြောင့် အချိန်နှောင့်နှေးမှုမရှိပဲ သက်မှတ်အချိန်ဇယားအတွင်း စီမံကိန်းကို အောင်မြင်စွာ အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
Technical Highlights of the 66/11 kV Substation Project
66/11 kV Substation စီမံကိန်း၏ အဓိက ဆောင်ရွက်ချက်များ
- Control Building တစ်လုံး
- Switchyard တစ်ခု (X'mar 1 Bay, Incoming Bay 1 Bay) တပ်ဆင်ပြီး
စီမံကိန်းအတွင်း အဆက်မပြတ် စီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့သောကြောင့် မမျှော်လင့်ထားသော အခက်အခဲများကိုလည်း အချိန်မီ ဖြေရှင်းနိုင်ခဲ့ပြီး အချိန်မီ အပြီးသတ်နိုင်ခဲ့သည်။
Benefits for Residents and Businesses
Power substation Bago Project အပြီးသတ်ပြီးသည့်နောက် ဒေသခံ မိသားစုများအတွက် အဆက်မပြတ် လျှပ်စစ်ရရှိနိုင်စေမှာဖြစ်သလို စီးပွားရေးလုပ်ငန်းများအတွက်လည်း တည်ငြိမ်မှုရှိသော လျှပ်စစ်စွမ်းအားရရှိစေမည်။ ထို့အပြင် လျှပ်စစ်ပြတ်တောက်မှု လျော့နည်းစေပြီး စီးပွားရေးလှုပ်ရှားမှု ပိုမိုသန်မာစေသလို လူထုဘဝအဆင့်အတန်းကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား သယ်ပို့ပေးစွမ်းနိုင်မှုသည် မြို့ပြနှင့် ဒေသအဆင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ဤစီမံကိန်းသည်လည်း စီးပွားရေးလုပ်ငန်းများအတွက် တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်သည်။
Broader Impact and Commitment
ပဲခူးမြို့တွင် လျှပ်စစ်ပံ့ပိုးမှု တိုးချဲ့သည့် ဤ substation သည် မြန်မာနိုင်ငံ၏ တိုးချဲ့နေသည့် လျှပ်စစ်အခြေခံလုပ်ငန်းများကို များစွာ အထောက်အကူပြုစေမည်ဖြစ်ပါသည်။ ဒါ့အပြင် ဒေသအတွင်း ပြည်သူများ၏ လူနေမှုအဆင့်အတန်းကိုပါ မြှင့်တင်ပေးနို်ငမည်ဖြစ်ပါသ်ည။ Yaung Ni Oo Electric ဤစီမံကိန်းသည် ဒေသတွင်း၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ပြီး အကြီးစား လျှပ်စစ်စီမံကိန်းများကို ကုမ္ပဏီအနေဖြင့်ဆောင်ရွက်နိုင်ကြောင်းလည်း ပြသထားသည်။
To learn more about similar infrastructure projects in Myanmar, visit the Yaung Ni Oo Electric Projects page.
For industry insights, refer to the International Electrotechnical Commission (IEC) which sets global safety and quality standards for substations.