စီမံကိန်း အကျဉ်းချုပ်
- လုပ်ငန်းအကျယ်အဝန်း – 11 kV Distribution Line များနှင့် Transformer တပ်ဆင်မှုများ (အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း-NEP)
- စီမံကိန်းဆောင်ရွက်ရာ တည်နေရာ– ပင်လောင်း ကျေးရွာ 24 ခု (27.02 မိုင်)၊ နောင်တယာ ကျေးရွာ 6 ခု (5.75 မိုင်)၊ တီဂျစ် ကျေးရွာ 7 ခု (5.28 မိုင်)
- အချိန်ဇယား – အလုပ်ရက် 365 ရက်၊ စုစုပေါင်း 2,920 နာရီ
- Contract – P2/C1-W3/3(ESE)/WORLD BANK (NCB)/2019–2020
- သက်ရောက်မှု – အိမ်ထောင်စုများနှင့် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် ကွန်ယက်ခိုင်မာမှု ပိုမိုကောင်းမွန်သည့် မီးဖြန့်ချိစနစ်
ရှမ်းတောင်ပိုင်းတစ်လျှောက် ယုံကြည်စိတ်ချရသော မီးအား ဖြန့်ချီမှု တိုးတက်လာခြင်း
Yaung Ni Oo Electric သည် ရှမ်းတောင်ပိုင်း rural electrification လုပ်ငန်းစီမံကိန်းတစ်ခုကို အပြီးသတ်ပြီး ပင်လောင်း၊ နောင်တယာ၊ တီဂျစ်မြို့နယ်အတွင်း World Bank National Electrification Plan (NEP) စနစ်အောက်တွင် 11 kV lines တည်ဆောက်ကာ distribution transformers များကို တပ်ဆင်ပေးပြီး ကျေးလက်ဒေသများအတွက် မီးထောက်ပံ့ရေး အရည်အသွေးကို မြှင့်တင်ကာ electricity distribution in Myanmar ကိုခိုင်မာစေသည့်အပြင် ဒေသဖွံ့ဖြိုးခြင်းကိုလည်း အရှိန်အဟုန်တိုးစေသည်။
Geographic Coverage & Quantities
မြေပြင်အနေအထား၊ အချိန်အကန့်အသက်များ၊ တောင်ပေါ်ဒေသ၏ ရာသီဉတု အနေအထား ၊ လုံခြုံရေး စသည်တို့အား အဖက်ဖက်မှ စဉ်းစားပြီး စီမံကိန်းအား အကောင်းဆုးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။
- ပင်လောင်း – 24 ကျေးရွာ / 11 kV လိုင်း 27.02 miles
- နောင်တရား – 6 ကျေးရွာ / 5.75 miles
- တီဂျစ် – 7 ကျေးရွာ / 5.28 miles
Schedule, Planning, and HSE
365 ရက် / 2,920 နာရီ အတွင်း အချိန်မီပြီးစီးရန် စနစ်တကျ စီမံကိန်းရေးသားမှုနှင့် ဒေသ comunitiy ပူးပေါင်းမှုကို အခြေခံခဲ့သည်။ Survey–civil–electrical အဖွဲ့ချုပ်က မိုးရာသီတွင်လည်း critical path မလွဲချော်အောင် အဆင့်လိုက်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
- မြေအနေအထားနှင့် access logistics ကို တွက်ချက်ထားသည့် foundation ဒီဇိုင်း
- Long-lead မဖြစ်စေရန် staged procurement
- ကျေးလက်ဒေသ HSE စည်းမျဉ်းနှင့် နေ့စဉ် briefing များဖြင့် Safety-first အကောင်အထည်ဖော်ခြင်း
Turnkey Delivery & Technical Works
Turnkey EPC အဖြစ် Yaung Ni Oo Electric သည် survey, design, procurement, construction, testing, commissioning အားလုံးကို စုစည်းထမ်းဆောင်ခဲ့သည်။
- 11 kV Distribution Lines – RC တိုင်များ၊ Crossarms၊ Insulators၊ Conductors တပ်ဆင်ခြင်း
- Distribution Transformers – ကျေးရွာအလိုက် Capacity ချိန်ညှိကာ LV Take-offs နှင့် Service Readiness ပြုလုပ်ပြီး တပ်ဆင်ခြင်း
- Earthing, Anti-climb & Safety Signage – လိုအပ်သလို Sectionalizing အပါအဝင် ထည့်သွင်းခြင်း
- QA/QC Checkpoints – Protection Coordination နှင့် As-built Documentation အပြည့်အစုံ
အလုပ်အကိုင်များအားလုံးကို အပြည်ပြည်ဆိုင်ရာ အရည်အသွေးစံနှုန်းများ နှင့် ကိုက်ညီစွာ ဆောင်ရွက်ကာ ရေရှည်ခံ၊ low-loss ကွန်ယက်များ တည်ဆောက်နိုင်ခဲ့သည်။
Community Benefits
ကွန်ယက်များ commissioning ပြီးစီးသဖြင့် ပင်လောင်း၊ နောင်တရား၊ တီဂျစ် တစ်လျှောက် ကျေးရွာများအတွက်
- မီးအလင်း၊ အအေးခန်းနှင့် တယ်လီကွန် အတွက် ယုံကြည်စိတ်ချရသော မီးအားရရှိခြင်း
- Voltage အရည်အသွေးတိုးတက်ပြီး outage လျော့နည်းခြင်း
- ပညာရေး၊ ဆေးဝါး၊ agro-processing နှင့် micro-enterprises များအတွက် အခြေခံအုတ်မြစ် ခိုင်မာမှု ပိုမိုကောင်းမွန်ခြင်း
Handover & Program Integration
အလုပ်အားလုံးကို စစ်ဆေး၊ commissioning ပြီး National Electrification Plan (NEP) အာဏာပိုင်များထံ handover ပြုလုပ်ပြီး မြန်မာနိုင်ငံ၏ distribution framework အတွင်း အစဉ်အလာ လည်ပတ်ထိန်းသိမ်းနိုင်ရန် စနစ်တကျ ပေါင်းစည်းထားသည်။
အချက်အလက်ပိုမိုရှာဖွေချင်ပါက Yaung Ni Oo Electric Projects page ကို ကြည့်ရှုပါ။ Distribution line နှင့် transformer safety အတွက် IEC guidelines ကို ကိုးကားပါ။